ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ချိန်ကာလ (၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ) နီးကပ်လာသည့်အတွက် ပြည်တွင်း၌ ပြောင်းဈေးနှုန်းသည် အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဝယ်ယူတင်သွင်းမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်အထိ ရပ်ဆိုင်းထားခြင်းကြောင့် ပြောင်းဈေးနှုန်း ထင်သလောက် မရရှိခဲ့ရာမှ ယခုအခါ ပြန်လည်တင်ပို့ရန် အချိန် ၂ လခန့်သာလိုတော့သဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် နိုဝင်ဘာလလယ်ပိုင်းက တစ်ပိဿာလျှင် ၁,၃၇၀ ကျပ်သာရှိခဲ့သော်လည်း လက်ရှိတွင် ၁,၄၆၀ ကျပ်အထိ ပြန်လည်မြင့်တက်လာသည်။ မြန်မာ့ဒေသထွက်ပြောင်း၏ ၅၀ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံသည် လိုအပ်သော ပြောင်းတန်ချိန်၏ ၈၈ ရာခိုင်နှုန်းခန့်ကို မြန်မာမှ တင်သွင်းကြောင်း သိရသည်။
အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းသို့ ပြန်လည်တင်ပို့ချိန် နီးကပ်လာ၍ ပြည်တွင်းပြောင်းဈေး အနည်းငယ် မြင့်တက်လာ
Dec 14 • 2:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


