ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အတွင်း တရားမဝင် ကုန်တင်သည် ဟုဆိုကာ ဖမ်းထားသည့် ကားများအနက် အချို့ကို တာဝန်ရှိသူများက စာရင်းဖျောက် ရောင်းစားမှုများ ရှိနေကြောင်း အတွင်းသိ သတင်းရင်းမြစ်များထံမှ သိရသည်။လားရှိုးဘက်မှ ကုန်တင်ယာဥ်များကို နောင်ဝိုး၊ ၁၈ မိုင်ဂိတ်၊ မင်းကြီးသုံးပါးဂိတ်နှင့် ‘ပ’ကွေ့ဂိတ်များမှ လူ၊ ကားနှင့် ကုန်များပါ ဖမ်းဆီးပြီးအမှုဖွင့် အရေးယူနေမှုတွင် ကြားလူများက ကိုယ်ကျိုးရှာနေကြခြင်း ဖြစ်ကြောင်း
သိရသည်။


