ပြည်တွင်းနှမ်းမျိုးစုံ စျေးကွက်ကို နှမ်းအသစ်တွေ ဝင်ရောက်မှုရှိပေမယ့် နှမ်းနက် စမုံက မန္တလေး ကုန်စည်ဒိုင်မှာ စျေးတက်နေတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ် ။လက်ရှိ မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက် စမုံက အရည်အသွေးကောင်းပြီး ရုပ်ထွက်လှတဲ့ အမျိုးအစားတွေက စျေးနှုန်း အမြင့်ဆုံး ရရှိနေတာဖြစ် ပြီး အရည်အသွေး ကောင်းတာတွေကသာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက အရည်အသွေး ကောင်းတဲ့ နှမ်းကသာ စျေးနှုန်း မြင့်တက်လာတာဖြစ်ပြီး အရည်အသွေး ညံ့ကာ အက်ဆစ်ပါဝင်မှု များတဲ့ နှမ်းတွေကတော့ စျေးကျသွားတာ မျိုးတွေ့ရတယ်လို့ ဆိုပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက် စမုံ ၄၅ ပိဿာ တစ်အိတ်ကို အနိမ့်ဆုံး ၆၅၀,၀၀၀ ကျပ်မှ ၇၅၀,၀၀၀ ကျပ်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။



