ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ ဦးထုပ်စက်ရုံမှ တရားဝင် မြန်မာအလုပ်သမား ၂၀၀ ကျော်၏ အလုပ်လုပ်ခွင့် သက်တမ်းတိုးခ ထိုင်းဘတ် ၂ သန်းကျော်ကို မြန်မာပွဲစားတစ်ဦးက လိမ်လည် ထွက်ပြေးသွားသည်ဟု MHAC မဟာမိတ်အဖွဲ့မှ ပြောပါသည်။ထို့သို့ လိမ်လည်ခံရမှုအတွက် အလုပ်သမားများက အလုပ်ရုံတွင် စုဝေး၍ ဆန္ဒထုတ်ဖော်တောင်းဆိုနေကြပါသည်။ ၎င်းတို့၏ CI စာအုပ်နှင့် ပတ်စပို့စာအုပ်များကိုလည်း ထိုင်းပတ်စပို့ရုံးက သိမ်းဆည်းထားမှုအတွက်လည်း ပြန်လည်ရရှိအောင် တောင်းဆိုခြင်းလုပ်ငန်းများ ဆက်လုပ်ဆောင်ရွက်မည်ဖြစ်သည်ဟု ပြောသည်။အလုပ်သမား တစ်ဦးလျှင် ဘတ် ၉,၀၀၀ ဝန်းကျင် ပေးသွင်းထားကြရပြီး လူ ၂၀၀ ကျော်ဖြစ်သည့်အတွက် မြန်မာပွဲစားက ဘတ် ၂ သန်းကျော် လိမ်ပြေးသွားခြင်းကြောင့် မြန်မာအလုပ်သမားများက စုဝေး၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပါသည်။
Dec 14 • 2:10 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


