ထိုင်းဝန်ကြီးချုပ် အနုထင် ချနိဝီရကွန်က ဒီဇင်ဘာ ၁၃ ရက် ညပိုင်းတွင် ကမ္ဘောဒီးယားနှင့် အပစ်ရပ်မည်မဟုတ်ဟု ထိုင်းရတ်သတင်းကို ပြောကြားသည်။ ယင်းပြောကြားချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ထိုင်း-ကမ္ဘောဒီးယားတို့ ည ၁၂ နာရီတွင် အပစ်ရပ်မည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါဟီဘရာဟင်၏ ပြောဆိုမှုအပေါ် တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ "တကယ်လို့ အပစ်ရပ်ချင်ရင် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံကို ပြောရမှာ။ အခြားနိုင်ငံခေါင်းဆောင်က ပြောရမှာမဟုတ်ဘူး။ ကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာကို ရပ်တန့်ဖို့ဆိုရင် တဘက်ဘက်ကစပြီးတော့ ကမ်းလှမ်းရမှာဖြစ်တယ်" ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး၊ လက်ရှိတွင် နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများဖြင့် စစ်ရေးတင်းမာနေကြောင်း သိရသည်။
Dec 14 • 1:21 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


