ထိုင်းနိုင်ငံ၌ လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲကာလသို့ ဝင်ရောက်လာချိန်တွင် ကြားဖြတ်ဝန်ကြီးချုပ် အနုတင်က ၎င်းတို့အစိုးရအနေဖြင့် အာဏာကို အပြည့်အဝ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ယင်းအခြေအနေသည် အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ကမ္ဘောဒီးယားနယ်စပ် စစ်ဆင်ရေးများကို ထိခိုက်မှုမရှိစေနိုင်ကြောင်း The Nation Thailand သတင်းတွင် ဖော်ပြသည်။ ထိုင်းစစ်တပ်ကလည်း ဝန်ကြီးချုပ် အနုတင်၏ ကြားဖြတ်အစိုးရသည် ချွင်းချက်အချို့မှလွဲ၍ အာဏာအပြည့်အဝရှိကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။ ဝန်ကြီးချုပ် အနုတင်က လာမည့် ဖေဖော်ဝါရီ ၈ ရက်မတိုင်မီ ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး၊ ဥပဒေအရ အောက်လွှတ်တော်ဖျက်သိမ်းပြီးနောက် ရက်ပေါင်း ၄၅ ရက်မှ ၆၀ အတွင်း အထွေထွေရွေးကောက်ပွဲများ ကျင်းပရမည်ဖြစ်သည်။



