back

အိန္ဒိယ၊ ကိုးလ်ကတ္တား၌ မက်ဆီကို မမြင်လိုက်ရသည့် ပရိသတ်များ အားကစားကွင်းအတွင်း ဖျက်ဆီးသောင်းကျန်းမှုများ ပြုလုပ်

Dec 14 • 1:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယ၊ ကိုးလ်ကတ္တား၌ မက်ဆီကို မမြင်လိုက်ရသည့် ပရိသတ်များ အားကစားကွင်းအတွင်း ဖျက်ဆီးသောင်းကျန်းမှုများ ပြုလုပ်

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ Salt Lake အားကစားကွင်း၌ ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည့် ဘောလုံးသမား လီယွန်နယ်မက်ဆီနှင့် ပရိသတ်များတွေ့ဆုံပွဲတွင် မက်ဆီ...

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ Salt Lake အားကစားကွင်း၌ ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည့် ဘောလုံးသမား လီယွန်နယ်မက်ဆီနှင့် ပရိသတ်များတွေ့ဆုံပွဲတွင် မက်ဆီက မိနစ်ပိုင်းသာ လူလုံးထွက်ပြခဲ့ခြင်းနှင့် စီစဉ်မှုညံ့ဖျင်းခြင်းတို့ကြောင့် မက်ဆီကို မမြင်ခဲ့ရဟုဆိုကာ ပရိသတ်ထောင်ချီက ကွင်းအတွင်း ဝင်ရောက်ကာ ထိုင်ခုံများနှင့် ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်မှုများ ပြုလုပ်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ပရိသတ်တစ်ဦးက လက်မှတ်ခ ရူပီး ၅၀၀၀ (ကျပ်နှစ်သိန်းကျော်) ပေးခဲ့ရသော်လည်း မက်ဆီပတ်ဝန်းကျင်တွင် လုံခြုံရေးနှင့် VVIP များ ဝန်းရံထားခြင်းကြောင့် ဘာမှမမြင်ခဲ့ရကြောင်းနှင့် ပြန်အမ်းငွေ လိုချင်ကြောင်း ဒေါသတကြီး ဝေဖန်ခဲ့သည်။ မက်ဆီသည် 'GOAT India Tour' အမည်ရှိ သုံးရက်ကြာ ခရီးစဉ်အတွက် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

news-view-count-icon

27