back

ပရိသတ်နဲ့တွေ့ဆုံပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ မက်ဆီကို ပြည်နယ်ဝန်ကြီးချုပ် တောင်းပန်

Dec 14 • 1:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပရိသတ်နဲ့တွေ့ဆုံပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ မက်ဆီကို ပြည်နယ်ဝန်ကြီးချုပ် တောင်းပန်

အာဂျင်တီးနားနာမည်ကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီနှင့် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ Salt Lake Stadium ၌ ပြုလုပ်ခဲ့သော ပရိသတ်တွေ့ဆုံပွဲတွင် မက်ဆီက မူလအစီအ...

အာဂျင်တီးနားနာမည်ကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီနှင့် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ Salt Lake Stadium ၌ ပြုလုပ်ခဲ့သော ပရိသတ်တွေ့ဆုံပွဲတွင် မက်ဆီက မူလအစီအစဉ်ထက် စောစွာ ပြန်သွားခဲ့ခြင်းကြောင့် ပရိသတ်များ ဒေါသပေါက်ကွဲပြီး ရေပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ ထိုင်ခုံများ ရိုက်ချိုးခြင်းနှင့် ကွင်းထဲသို့ ဝင်ရောက်ခြင်းတို့ ပြုလုပ်ခဲ့ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် အနောက်ဘင်ဂေါပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီးက "လီယွန်နယ်မက်ဆီကို ရိုးသားစွာတောင်းပန်ပါတယ်။ ဒီကံမကောင်းတဲ့ဖြစ်ရပ်အတွက် အားကစားချစ်သူအားလုံးနဲ့ သူ့ရဲ့ပရိသတ်တွေ အပါအဝင်ပေါ့" ဟု လူမှုကွန်ရက်မှတစ်ဆင့် ချက်ချင်းတောင်းပန်ခဲ့သည်ဟု သိရသည်။

news-view-count-icon

29