ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၈ နာရီအချိန်တွင် အမှတ် (၁၀) ရပ်ကွက်၊ ၅၂ လမ်း၌ ကျင်းပခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက်က စတင်ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် အ-လ-က (၃) အသင်းနှင့် အ-ထ-က (၄) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အ-ထ-က (၄) အသင်းမှ ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရရှိ ဗိုလ်စွဲခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး နေရာအလိုက် ဆုရရှိကြသော အားကစားသမားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်
ပေးခဲ့ကြောင်း သိရသည်။


