၂၀၂၅ ခုနှစ် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မြန်မာအလေးမအားကစားအဖွဲ့သည် အုပ်ချုပ်၊ နည်းပြ၊ ကစားသမား စုစုပေါင်း (၁၀) ဦးဖြင့် ဒီဇင်ဘာ ၁၁ ရက်က ထွက်ခွာခဲ့ပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ကစားသမား ၇ ဦးဖြင့် ကီလိုတန်း ၇ တန်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် ကစားသမားများမှာ ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) တွင် အမျိုးသမီး (၄၈) ကီလိုတန်းမှ ဇင်မေဦး၊ (၅၃) ကီလိုတန်းမှ နော်တဘိုးရာ၊ ဒီဇင်ဘာ ၁၄ ရက်တွင် ထက်ထက်ထွေး၊ ဒီဇင်ဘာ ၁၅ ရက်တွင် သူဇာခင်နှင့် သီဟအောင်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ဝင်းနိုင်ထွန်းနှင့် ဒီဇင်ဘာ ၁၇ ရက်တွင် ရန်မျိုးကျော်တို့ ပါဝင်သည်။ မြန်မာအလေးမအဖွဲ့သည် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် ရွှေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ဖူးသည်။
Dec 13 • 6:55 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


