back

လူနာတင်ယာဉ်အကူအညီလိုသူတွေနဲ့ ပရဟိတအသင်းကြား အမြတ်ထုတ်သူတွေရှိလာလို့ သတိထားနေရ

Dec 13 • 6:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လူနာတင်ယာဉ်အကူအညီလိုသူတွေနဲ့ ပရဟိတအသင်းကြား အမြတ်ထုတ်သူတွေရှိလာလို့ သတိထားနေရ

လူနာတင်ယာဉ် အကူအညီလိုအပ်သည့် လူနာရှင်များကို ယခုနောက်ပိုင်းတွင် ကြားပွဲစားများက ပစ်မှတ်ထားကာ အသုံးချလုပ်ကိုင်လာခြင်းများ ရှိလာကြောင်း ကိုယ်တိုင်ကြုံခဲ့ရသော လူနာ...

လူနာတင်ယာဉ် အကူအညီလိုအပ်သည့် လူနာရှင်များကို ယခုနောက်ပိုင်းတွင် ကြားပွဲစားများက ပစ်မှတ်ထားကာ အသုံးချလုပ်ကိုင်လာခြင်းများ ရှိလာကြောင်း ကိုယ်တိုင်ကြုံခဲ့ရသော လူနာရှင်များနှင့် ပရဟိတအသင်းအချို့ထံမှ သိရသည်။ ရန်ကုန်မြို့တွင်းနှင့် နယ်ဒေသများသို့ ဆေးရုံတက်/ဆင်းခြင်း၊ ရုပ်အလောင်းပြန်သယ်ခြင်း စသည့် လူနာတင်ယာဉ် လိုအပ်မှုများအပေါ် ကြားပွဲစားများက အခကြေးငွေများစွာတောင်းယူကာ လုပ်ဆောင်လာကြခြင်း များရှိပြီး၊ ပရဟိတအသင်းများထံမှ တိုက်ရိုက်ဝန်ဆောင်မှုရယူပါက ဆီဖိုး သို့မဟုတ် တတ်နိုင်သလောက် လှူဒါန်းခြင်းဖြင့်သာ အခမဲ့ဆောင်ရွက်ပေးနေခြင်းများရှိသည်ကို ကြားပွဲစားများက ကြားဝင်အမြတ်ထုတ်နေခြင်းဖြစ်ကြောင်း လူနာရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ထို့ကြောင့် ပရဟိတအသင်းအချို့မှာ ကြားပွဲစားများ ဝင်ရောက်မှု မရှိစေရန် လူနာရှင်မှ တိုက်ရိုက်အကူအညီတောင်းသည့် စနစ်မျိုးဖြင့် သေချာစိစစ်၍ လုပ်ဆောင်နေကြရကြောင်း ပရဟိတအသင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

news-view-count-icon

29