back

(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှ ကြေးတံဆိပ်ဆု ရရှိခဲ့သည့် ကနူး/ကယက် အားကစားအဖွဲ့ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

Dec 13 • 5:31 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှ ကြေးတံဆိပ်ဆု ရရှိခဲ့သည့် ကနူး/ကယက် အားကစားအဖွဲ့ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၂၀၂၅ ဆီးဂိမ်းစ်) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကနူး/ကယက် အားကစားအဖွဲ့န...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၂၀၂၅ ဆီးဂိမ်းစ်) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကနူး/ကယက် အားကစားအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့တို့သည် ယနေ့ ဒီဇင်ဘာ ၁၂ ရက် ညနေ ၆:၃၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။ ပြန်လည်ရောက်ရှိလာသော အဆိုပါ မြန်မာကနူး/ကယက် အားကစားအဖွဲ့တွင် အမျိုးသမီး ကယက်တစ်ယောက်လှော် ကြေးတံဆိပ်ဆုရှင် ပိုပိုအောင်နှင့်အတူ နည်းပြ၊ အားကစားသမား စုစုပေါင်း (၈) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

35