ဂျာမနီအစိုးရ၏ အမျိုးသားစာရင်းအင်းဗျူရိုက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ဂျာမနီနိုင်ငံ၏ သက်ကြီးလူဦးရေသည် ၂၀၇၀ ပြည့်နှစ်အရောက်တွင် စုစုပေါင်းလူဦးရေ ၁၀ သန်းနီးပါး ကျုံ့ဝင်ကာ ၇၅ သန်းသာ ရှိလာနိုင်သည်ဟု ဖော်ပြထားသည်။ လာမည့် ဆယ်စုနှစ်အတွင်း ဂျာမနီနိုင်ငံသား လေးဦးလျှင် တစ်ဦးမှာ အသက် (၆၇) နှစ်နှင့်အထက် သက်ကြီးပိုင်း ဖြစ်လာနိုင်ပြီး၊ လက်ရှိအချိန်တွင် အလုပ်ခွင်၌ရှိသူ ၁၀၀ လျှင် ၃၃ ဦးသာ အငြိမ်းစားအသက်အရွယ်ရှိသူများ ဖြစ်သော်လည်း ၂၀၇၀ ပြည့်နှစ်အရောက်တွင် အငြိမ်းစားအသက်အရွယ်ရှိသူ အရေအတွက်မှာ ၁၀၀ လျှင် ၆၁ ဦးအထိ ရှိလာနိုင်သည်ဟု သတိပေးထားသည်။ ဥရောပသမဂ္ဂတွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် ဂျာမနီသည် အီတလီနှင့်ပူးတွဲ၍ ဥရောပ၏ သက်ကြီးလူဦးရေအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး၊ မကြုံစဖူး လုပ်သားအင်အားရှားပါးမှုနှင့် လူမှုစနစ်များ ရေရှည်တည်ငါိမှုအတွက် ရုန်းကန်နေရကြောင်း သိရသည်။
ဂျာမနီနိုင်ငံတွင် ၂၀၇၀ ပြည့်နှစ်အရောက်၌ လူဦးရေ ၁၀၀ လျှင် ၆၁ ဦးသည် အငြိမ်းစားအသက်အရွယ်သို့ ရောက်ရှိလာနိုင်ဟု သတိပေး
Dec 13 • 5:30 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 41 | 0 | 0 | 0 |


