back

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ၌ ရွှေ၊ငွေ၊ကြေးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပြန် လည်ရောက်ရှိကြိုဆို

Dec 13 • 5:29 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ၌ ရွှေ၊ငွေ၊ကြေးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပြန် လည်ရောက်ရှိကြိုဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၂၀၂၅ ဆီးဂိမ်းစ်) တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ အသီးသီးဆွတ်ခူးခဲ့ကြ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၂၀၂၅ ဆီးဂိမ်းစ်) တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ အသီးသီးဆွတ်ခူးခဲ့ကြသော ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ပီတန်းနှင့် တိုက်ကွမ်ဒို မြန်မာအားကစားအဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက် ညနေ ၄:၃၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ပြန်လည်ရောက်ရှိလာရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာသိပ္ပံမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားသမားများ၏ မိသားစုဝင်များနှင့် မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။ အဆိုပါအားကစားအဖွဲ့တွင် ရိုးရာခြင်းလုံးမှ ရွှေတံဆိပ် (၂) ဆု၊ ပိုက်ကျော်ခြင်း ကွင်းသွင်းမှ ငွေတံဆိပ် (၂) ဆု၊ ပီတန်း အမျိုးသမီး Shooting မှ ငွေတံဆိပ် (၁) ဆုနှင့် တိုက်ကွမ်ဒို အသင်းလိုက်က ကွက်မှ ကြေးတံဆိပ် (၁) ဆု ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပါဝင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

31