back

ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ

Dec 13 • 5:23 AM

breaking-news

မြန်မာ

မွန်

cover

ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ထောင်ထားသည့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်သည် ဒီဇင်ဘာ ၁၂ ရက် ...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ထောင်ထားသည့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်သည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဖျက်ဆီးခံထားရကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပါတီတာဝန်ရှိသူများက သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားထားပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

35