ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယအပတ်) ကို ယနေ့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားစိတ်ဝင်စားသော ပြည်သူများ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြပြီး၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြကာ ပါဝင်သူများကို ကောက်ညှင်းပေါင်းများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု (ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 13 • 5:32 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


