ပြည်တွင်း၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသား ၁ ဦးနှင့် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးမှုများဖြင့် အလိုရှိနေသည့် တရားခံပြေး ၃ ဦး၊ စုစုပေါင်း ၄ ဦးကို မြန်မာနိုင်ငံဘက်က ဖမ်းဆီးပြီး ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) ၌ ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ၏ သတင်းပေးပို့ချက်အရ မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) လက်အောက်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့က စုံစမ်းဖော်ထုတ်ကာ တာချီလိတ်မြို့နှင့် မိုင်းတုံမြို့များတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ လွှဲပြောင်းပေးခြင်းသည် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန် ဖော်ထုတ်ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား ၁ ဦးနှင့် မူးယစ်အမှုဖြင့် တိမ်းရှောင်နေသည့် တရားခံပြေး ၃ ဦးကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ ပြန်ပို့
Dec 13 • 3:33 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


