back

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မကွေးတိုင်း၊ မင်းဘူးမြို့ ပါဝင်ခဲ့

Dec 13 • 3:31 AM

breaking-news

မြန်မာ

မကွေး

cover

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မကွေးတိုင်း၊ မင်းဘူးမြို့ ပါဝင်ခဲ့

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့ စာရင်းတွင် ပါဝင်ခဲ့ပြီး နှစ်စဉ်ပျှမ်းမျှမိုးရေချိန်မှာ လက်မ (၄...

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့ စာရင်းတွင် ပါဝင်ခဲ့ပြီး နှစ်စဉ်ပျှမ်းမျှမိုးရေချိန်မှာ လက်မ (၄၀) အောက်သာ ရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့သည်။ ယမန်နေ့က မင်းဘူးမြို့၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၁၂၁.၈၇ သန်း စိုက်ပျိုးပေးခဲ့သည့်အနက် မင်းဘူးခရိုင်တွင် ၂.၇၅ သန်းကျော် စိုက်ပျိုးပေးခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်၌ အပင်ပေါင်း နှစ်သိန်းကျော် ထပ်မံစိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်နေကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

24