ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ဒီဇင်ဘာ ၁၂ ရက်တွင် PPRD ၏ ထုတ်ပြန်ချက်အရ ဆက်လက်ကျဆင်းနေသည်ကို တွေ့ရသည်။ လက်ရှိဈေးနှုန်းများအရ ဓာတ်ဆီ 92 တစ်လီတာလျှင် ၂,၄၉၀ ကျပ်၊ 95 တစ်လီတာလျှင် ၂,၅၄၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် ၂,၂၄၅ ကျပ်နှင့် ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် ၂,၆၈၅ ကျပ် အသီးသီး ရှိနေသည်။ ယင်းဈေးနှုန်းများသည် ယခင်အပတ်က ဓာတ်ဆီ 92 တစ်လီတာ ၂,၅၂၅ ကျပ်နှင့် ဒီဇယ် (ရိုးရိုး) တစ်လီတာ ၂,၃၃၀ ကျပ်တို့ထက် သိသိသာသာ ကျဆင်းလာခြင်းဖြစ်ပြီး၊ စက်သုံးဆီဈေးနှုန်းများမှာ ပြီးခဲ့သည့် ဇူလိုင်လဒုတိယပတ်ကတည်းက ကျပ်သုံးထောင်အောက်သို့ တဖြည်းဖြည်း ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
Dec 13 • 3:29 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


