ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံသား အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ခွင့်မှတ်ပုံတင်ရန် လျှောက်ထားနိုင်မည့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်လုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၁၂ ရက်မှ စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ကနဦးအဆင့်ဖြစ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ (၁၅ ရက်အတွင်း) လျှောက်ထားရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ အမည်စာရင်း တင်သွင်းပြီးသူများသည် သွေးစစ်ခြင်း၊ လဝကတွင် ဇီဝအချက်အလက်သွင်းခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်အတွက် ငွေသွင်းခြင်း စသည့် နောက်ထပ်လုပ်ငန်းစဉ်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ နေထိုင်ခွင့်သက်တမ်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ တစ်နှစ် ရရှိမည်ဖြစ်သည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပန်းရောင်ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်) အသစ်လုပ်ငန်းစဉ် စတင်ဖွင့်လှစ်
Dec 13 • 3:34 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


