back

လပွတ္တာမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များ ပြုလုပ်ပေး

Dec 13 • 3:28 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

လပွတ္တာမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များ ပြုလုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်း နေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် သန်းခေ...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်း နေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် Unique ID (UID) များ ပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းမှစ၍ လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ တာဝတိံသာတန်ဆောင်း၌ ဆောင်ရွက်ပေးခဲ့သည်။ မှတ်ပုံတင်ပျောက်ဆုံးသူများ၊ မရရှိသေးသူများကို ပြုလုပ်ပေးခဲ့သည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ UID နံပါတ်များ တစ်ပါတည်း ထုတ်ပေးခဲ့သည်။ လာရောက်ပြုလုပ်ပေးနေမှုကို ပြည်ထောင်စုဝန်ကြီးက ကြည့်ရှုစစ်ဆေးပြီး၊ ပြုလုပ်ပြီးသည့် မှတ်ပုံတင်များနှင့် UID နံပါတ်များကို ကာယကံရှင်များနှင့် ရပ်ကွက်ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။ လဝကအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် ယခုကဲ့သို့ စီမံချက်များဖြင့် နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိသည်။

news-view-count-icon

28