ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ မြန်မာ့ငလျင်ဒဏ်သင့်ဒေသများသို့စားနပ်ရိက္ခာအကူအညီများ ပေးအပ်ရာတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ လေးသန်းထောက်ပံခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့ က မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံသည် Global Development and South-South Cooperation Fund မှတစ်ဆင့် WFP သို့ အမေရိကန်ဒေါ်လာ ၄ သန်း ထောက်ပံ့ခဲ့ပြီး ငလျင်ဒ-ဏ်သင့်ဒေသများရှိ ပြည်သူလူထုအတွက် စားနပ်ရိက္ခာအကူအညီများ ပံ့ပိုးကူညီပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။အဆိုပါ ရန်ပုံငွေဖြင့် (၅,၁၆၂) တန်ဝယ်ယူနိုင်ခဲ့ပြီး ပြည်သူပေါင်း( ၃၇၉,၀၀၀) အကျိုးခံစားခွင့်ရရှိခဲ့ပြီး ယခုအချိန်တွင် ဆန်အများစုကို အဆင်ပြေစွာဖြန့်ဝေပေးအပ်ပြီးဖြစ်ပြီး ကျန်ရှိသည့်ဆန်များကို လာမည့်နှစ်ဇန်နဝါရီလတွင် အစီအစဉ်အတိုင်းဖြန့်ဝေပေးအပ် မည်ဖြစ်ကြောင်းလည်း သိရသည်။



