မကွေးတိုင်း၊ ချောက်မြို့နယ် ၊ ကြီးနီ ကျေးရွာ အနီးမှာ မျက်နှာအဝတ် စည်းထားပြီး အသတ်ခံထားရတဲ့ အမျိုးသား နှစ်ယောက်အလောင်း ကို တွေ့ရှိခဲ့ရ တယ်လို့ သိရပါတယ် ။ အသတ်ခံ ထားရတဲ့ အမျိုးသား နှစ်ယောက်ဟာ ချောက်မြို့ အမှတ် (၁၀) ရပ်ကွက်နေ ဦးကျော်အေး ဆိုသူနဲ့ ဂွေးချိုကျေးရွာက ဦးခင်မောင်နိုင် ဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ အမျိုးသား နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တစ်ခုကနေ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ကြောင်း ၊ အဲဒီနောက်မှာ အဆက်အသွယ် ပြတ်တောက်သွားပြီး ဒီဇင်ဘာ ၁၁ ရက်မှာ အသတ်ခံရတဲ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးမှု အခြေအနေ နဲ့ အသတ်ခံရတဲ့ အခြေအနေတွေကိုတော့ ဘယ်ဒေသတွင်း လက်နက်ကိုင် အဖွဲ့က လုပ်ဆောင်ခဲ့ သလဲဆိုတာ မသိရှိရ သေးကြောင်း နဲ့ သတင်းထုတ်ပြန် တာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ် ။



