back

အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ချိန်ကာလ နီးကပ်လာ၍ ပြည်တွင်းပြောင်းဈေး အနည်းငယ်မြင့်တက်

Dec 13 • 3:16 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ချိန်ကာလ နီးကပ်လာ၍ ပြည်တွင်းပြောင်းဈေး အနည်းငယ်မြင့်တက်

အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ချိန်ကာလ နီးကပ်လာ၍ ပြည်တွင်း၌ ပြောင်းဈေး အနည်းငယ်မြင့်တက်လာကြောင်း ပြောင်းကုန်သည်များထံမှ သိရပါတယ်။ထိုင်...

အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ချိန်ကာလ နီးကပ်လာ၍ ပြည်တွင်း၌ ပြောင်းဈေး အနည်းငယ်မြင့်တက်လာကြောင်း ပြောင်းကုန်သည်များထံမှ သိရပါတယ်။ထိုင်းနိုင်ငံအနေဖြင့် လက်ရှိတွင် အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းသီးနှံ ဝယ်ယူခြင်းကို ယခုနှစ် စက်တင်ဘာလမှ လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်အထိ ၅ လတာခန့် ရပ်ဆိုင်းထားကာ လက်ရှိမှာတော့ ပြန်လည်တင်ပို့နိုင်ရန် အချိန် ၂ လခန့်သာ လိုတော့ခြင်းကြောင့် ယခုလို ပြောင်းဈေးအနည်းငယ် ပြန်လည်မြင့်တက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။“ပြည်တွင်းကထွက်တဲ့ပြောင်းကို ထိုင်းနိုင်ငံက အဓိက ဝယ်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို တင်ပို့မှုတွေ ရပ်နားထားရတော့ ပြောင်းဈေးက ထင်သလောက်ဈေးမရဘူး။ အခုက ထိုင်းနိုင်ငံကို လာမယ့် ဖေဖော်ဝါရီလမှာ ပြန်ပြီးတင်ပို့နိုင်တော့မှာဖြစ်တဲ့အတွက် ဈေးအနည်းငယ် ပြန်တက်တာလို့လည်း ပြောလို့ရပါတယ်။ ထိုင်းနိုင်ငံမှာ တစ်နှစ်ကို ပြောင်းတန်ချိန် ၉ သန်းလောက်လိုပါတယ်။ လိုတဲ့ပြောင်းရဲ့ ၈၈ ရာခိုင်နှုန်းလောက်ကို မြန်မာကနေ တင်သွင်းတာပါ။ သူတို့နိုင်ငံရဲ့ ပြောင်းပေါ်ချိန်ဆိုရင်တော့ တင်ပို့မှုကို အခွန်ကောက်ပြီးတော့ ကျန်တဲ့လတွေမှာဆိုရင် အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ပြုထားတာဖြစ်ပါတယ်” လို့ ပြောင်းကုန်သည်တစ်ဦးမှ ပြောပါတယ်။ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင်လည်း ကုန်ခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းတွင် ပြောင်းတစ်ပိဿာလျှင် ၁,၃၇၀ ကျပ်အထိသာ ဈေးရရှိခဲ့ပြီး လက်ရှိတွင် ပြောင်းတစ်ပိဿာလျှင် ၁,၄၆၀ ကျပ်အထိ ပြန်လည်ဈေးမြင့်တက်လာကြောင်း အဆိုပါကုန်သည်များထံမှ သိရပါတယ်။ မြန်မာ့ဒေသထွက်ပြောင်း၏ ၅၀ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ စသည့်နိုင်ငံများကိုလည်း အနည်းငယ်တင်ပို့လျက်ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံနေဖြင့် ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိက တင်ပို့ခဲ့သော်လည်း လက်ရှိတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းဖြင့်သာ အဓိကတင်ပို့နေကြောင်းလည်း သိရပါတယ်။

news-view-count-icon

42