၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ၌ မြန်မာယူ-၂၂ အသင်းသည် နောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ အုပ်စုတွင်း နှစ်ပွဲစလုံးရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ဆီမီးဖိုင်နယ်အဆင့်သို့ အုပ်စုပထမအသင်းများဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့်အတူ အကောင်းဆုံးအုပ်စုဒုတိယအဖြစ် မလေးရှားအသင်းတို့ တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဗီယက်နမ်နှင့် ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှားတို့အသင်းများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်း နှစ်ပွဲစလုံးရှုံးနိမ့်ပြီး အုပ်စုက ထွက်ခွါခဲ့ရ
Dec 13 • 3:13 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


