ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီ ၅၂ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး-မင်းလှ လမ်းကြီး၊ မိုင်တိုင်အမှတ် (၁၁/၇) နှင့် (၁၂/၀) ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မင်းဘူးခရိုင်/မြို့နယ်နှင့် ရွာသာယာနယ်မြေမီးသတ်စခန်းများမှ ယာဉ် (၃) စီးနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူအား မြေပြင်လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


