ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ဒီဇင်ဘာ ၁၁ ရက်က လေထုအရည်အသွေးညွှန်းကိန်း (AQI) သည် ကျန်းမာရေးနှင့် အလွန်မညီညွတ်သည့် ၂၁၃ အဆင့်အထိ မှတ်တမ်းတင်ခဲ့ရာ၊ မီးခိုးမြူများကြောင့် မြင်ကွင်းများ မှုန်ဝါးနေပြီး မြို့ခံများ အသက်ရှူရခက်ခဲမှုများ ကြုံတွေ့နေရကြောင်း ဆွစ်ဇာလန် နည်းပညာကုမ္ပဏီ IQAir က ဆိုသည်။ ဟနွိုင်းမြို့၏ လေထုညစ်ညမ်းမှုအတွက် သယ်ယူပို့ဆောင်ရေး၊ စက်မှုထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အမှိုက်နှင့် စိုက်ပျိုးရေးအကြွင်းအကျန်များကို မီးရှို့ခြင်းတို့က အဓိကအကြောင်းအရင်းများဖြစ်ကြောင်း အာဏာပိုင်များက အပြစ်တင်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း လေထုထဲရှိ PM2.5 အမှုန်ပါဝင်နှုန်း ၂၀၀ အဆင့်အထက်တွင် ရှိနေချိန်၌ လျှပ်စစ်ဓာတ်အား၊ သံမဏိနှင့် ဓာတုဗေဒစက်ရုံများအား လုပ်ငန်းများ လျှော့ချရန် တိုက်တွန်းခဲ့ပြီး၊ မြို့တော်သည် ၂၀၂၆ ခုနှစ်အလယ်ပိုင်းမှစ၍ မြို့လယ်ခေါင်ဒေသများတွင် ဓာတ်ဆီသုံးမော်တော်ဆိုင်ကယ်များကို တစိတ်တပိုင်း ပိတ်ပင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
Dec 13 • 3:07 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


