back

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က သမိုင်းချောင်း၊ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့၌ ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Dec 13 • 3:06 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က သမိုင်းချောင်း၊ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့၌ ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် သမိုင်းချောင်း၊ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့၌ ရေစ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် သမိုင်းချောင်း၊ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့၌ ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်က သမိုင်းချောင်းတွင် ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များ ရေမြောင်းအတွင်း မစွန့်ပစ်ရေးနှင့် ရေထွက်ပေါက်များ မပိတ်ဆို့စေရေးတို့ကို မှာကြားခဲ့ပြီး၊ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့ရှိ ရေထွက်မြောင်းလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်နှင့် လုပ်ငန်းများကို စံချိန်စံညွှန်းကိုက်ညီစွာဖြင့် အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

27