ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲများကြောင့် ကမ္ဘောဒီးယားနယ်စပ်စခန်းများတွင် စစ်ဘေးရှောင်များ တိုးလာကြောင်း ကမ္ဘောဒီးယားသတင်းများက ဖော်ပြသည်။ ဒီဇင်ဘာ ၁၁ ရက်အထိ တိုက်ပွဲ (၅) ရက်မြောက်နေ့တွင် ကမ္ဘောဒီးယားအရပ်သား အနည်းဆုံး ၁၉၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရပြီး လူ ၁၀ ဦးကျော် သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အုဒ္ဒါမင်ချေခရိုင်၊ ချုံခယ်မြို့နယ်ရှိ ဒေသခံအာဏာပိုင်များက ကော့ချောက်ရွှေ့ပြောင်းခံရသူများစင်တာဟု ခေါ်ဝေါ်သည့် အသစ်တည်ထောင်ထားသော ယာယီခိုလှုံရေးစခန်းသို့ မနေ့က လူ ၈,၀၀၀ ခန့် ဆက်လက် ရောက်ရှိလာခဲ့ပြီး နေရာချထားပေးခဲ့ရကြောင်း သိရသည်။
| 21 | 0 | 0 | 0 |


