ယနေ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲကစားမယ့် လီဗာပူးလ်အသင်းလူစာရင်းမှာ တိုက်စစ်ကစား
သမား ဆာလာ ပြန်လည်ပါဝင်လာတယ်လို့
သိရပါတယ်။နည်းပြ အာနယ်ဆလော့က ယမန်နေ့သတင်းစာရှင်းလင်းပွဲမှာ ဆာလာနဲ့ ဆွေးနွေးမယ်လို့ ပြောခဲ့ပြီးနောက် အခုလို လူစာရင်းထဲ ပြန်ထည့်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ လီဗာပူးလ်နဲ့ ဆာလာအကြား ပြဿနာတွေကတော့ မဖြေရှင်းရသေးဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ဆာလာ အာဖရိကနိုင်ငံများဖလားပွဲ သွားကစားချိန်မှာ သူ့ရဲ့အေးဂျင့် ရာမီအဘားစ်နဲ့ လီဗာပူးလ်အသင်းတို့ ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။လီဗာပူးလ်အသင်းဟာ လက်ရှိမှာ တိုက်စစ်ပိုင်းက ဂက်ပို၊ အီဆက်ခ်တို့ ဒဏ်ရာပြဿနာရှိလို့ ဆာလာကို လူစာရင်းထဲ ပြန်ထည့်သွင်းတာက ဖြစ်နိုင်ခြေ
ပိုများပါတယ်။ကစားသမားဆာလာဟာ အီဂျစ်အသင်း အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲရောက်ရင် လီဗာပူးလ်အသင်းပွဲစဉ် ရှစ်ပွဲကို လွဲချော်ရဖို့ ရှိပါတယ်။



