နိုဝင်ဘာလအတွက် အကောင်းဆုံးဆုတွေအနက် ကစားသမားဆုကို ဘရန့်ဖိုဒ်တိုက်စစ်မှူး အီဂေါ်သီယာဂိုနဲ့ နည်းပြဆုကို ဘချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာတို ဆွတ်ခူးခဲ့ပါတယ်။ဘရာဇီးလ်တိုက်စစ်မှူး သီယာဂိုဟာ နိုဝင်ဘာလအတွင်း ငါးဂိုးသွင်းပြီး ဒီဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘရန့်ဖိုဒ်ကစားသမားတွေထဲ တစ်လတာအကောင်းဆုံးဆုကို ပထမဆုံး ရရှိသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။နည်းပြဆုရှင် မာရက်စကာကတော့ ဒီဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်တယ်။သူဟာ ချယ်လ်ဆီးအသင်းကို နိုဝင်ဘာလအတွင်း ရှုးပွဲမရှိစေဘဲ သုံးပွဲနိုင်၊ တစ်ပွဲသရေနဲ့ ၁၀ မှတ်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။အကောင်းဆုံးကာကွယ်မှုဆုကို အဲဗာတန်ဂိုးသမား ပစ်ဖိုဒ်၊ သွင်းဂိုးဆုကို ဘုန်းမောက်ကွင်းလယ်ကစားသမား တိုင်လာအဒမ်စ်တိုက ရရှိခဲ့ကြပါတယ်။





