back

မြန်မာပြည်တွင်းတွင် နေရပ်စွန့်ခွာရသူဦးရေ ၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်းသတိပေး

Dec 13 • 2:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်းတွင် နေရပ်စွန့်ခွာရသူဦးရေ ၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်းသတိပေး

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လာမည့် ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်ကြောင်းနှင...

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လာမည့် ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်ကြောင်းနှင့် လူဦးရေ ၁ သန်းခန့်မှာ အသက်ကယ်ဆယ်ရေးအကူအညီများ လိုအပ်မည့် အရေးပေါ်အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း ယမန်နေ့က သတိပေးထုတ်ပြန်ခဲ့သည်။ ပြည်တွင်းပဋိပက္ခများ ပြင်းထန်လာခြင်းနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းတို့က ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်း WFP က သတိပေးသည်။ လက်ရှိတွင် ကလေးငယ်များနှင့် မိခင် ၄ သိန်းကျော်သည် အာဟာရချို့တဲ့မှုကို ခံစားနေရပြီး၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ခန့်မှန်းချက်အရ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေသည် လက်ရှိ ၃.၆ သန်းမှ လာမည့်နှစ်တွင် ၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်းလည်း သိရသည်။

news-view-count-icon

30