back

ဒီဇင်ဘာ ဒုတိယပတ်အတွင်း တိုင်း/ပြည်နယ်အချို့တွင် မြူထူများဆိုင်းနိုင်ပြီး လာနီညာအဆင့် ဆက်လက်တည်ရှိမည်

Dec 13 • 2:17 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဒီဇင်ဘာ ဒုတိယပတ်အတွင်း တိုင်း/ပြည်နယ်အချို့တွင် မြူထူများဆိုင်းနိုင်ပြီး လာနီညာအဆင့် ဆက်လက်တည်ရှိမည်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခု ဒီဇင်ဘာလ ဒုတိယ (၁၀) ရက်ပတ် အတွင်း မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကယား၊ ချင်း၊ မွန်၊...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခု ဒီဇင်ဘာလ ဒုတိယ (၁၀) ရက်ပတ် အတွင်း မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကယား၊ ချင်း၊ မွန်၊ ရှမ်းပြည်နယ်တို့တွင် ငါးရက်မှ ကိုးရက်ခန့်၊ ကျန်တိုင်း/ပြည်နယ်များတွင် တစ်ရက်မှ လေးရက်ခန့် နံနက်ပိုင်းအချိန်၌ မြူထူများ ဆိုင်းနိုင်ကြောင်း သိရသည်။ ထိုသို့ မြူထူများဆိုင်းခြင်းကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ပြီး အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သဖြင့် ကျန်းမာရေးပြဿနာများ ကြုံတွေ့နိုင်ကြောင်း ဆရာဝန်များက သတိပေးသည်။ ထို့ပြင် ယင်းကာလအတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး၊ လာနီညာကြောင့် လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာခြင်း၊ ညအပူချိန်များ လျော့နည်းခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

news-view-count-icon

28