ရှမ်းပြည်နယ်တောင်ပိုင်း၊မောက်မယ်မြို့နယ်၊ကဒူးကြီးကျေးရွာအုပ်စုတွင်းဆက်သွယ်ထားသည့် နောင်ထောဝ်လမ်းပိုင်းကိုစစ်တပ်ပိတ်ထားသဖြင့် မြို့တက်စျေးသုံးရန်ဒေသခံများအခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။ယခင်နှစ်တွင် ဗန်းမတ်ဒေသရှိဒေသခံများသည် နောင်ထောဝ် မြို့ကိုဖြတ်၍ ဆီဆိုင်မြို့မဈေးသို့ ၂ နာရီကြာ သွားရောက် ဈေးဝယ်သုံး၍ရသော်လည်းအခုမရတော့ကြောင်းသိရသည်။ဆီဆိုင်မြို့ သို့စျေးသွားသုံး၍မရတော့ဘဲ အလွန်ဝေးသည့် မောက်မယ် မြို့ထိ သွားရောက်စျေးဝယ်သုံးရ၍ လမ်းအခက်ခဲကြောင့် ကုန်စျေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရသည်။



