back

စက်သုံးဆီဈေးဆက်ကျ ဒီဇယ် ၁ လီတာ ၂၀၀၀ ကျပ်နားအထိ ရောက်လာ

Dec 12 • 4:43 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

စက်သုံးဆီဈေးဆက်ကျ ဒီဇယ် ၁ လီတာ ၂၀၀၀ ကျပ်နားအထိ ရောက်လာ

ပြည်တွင်းစက်သုံးဆီဈေးနှုန်းက၊ PPRD ၏ ယနေ့(သောကြာနေ့)ဈေးနှုန်းအပြောင်းအလဲထုတ်ပြန်ချက်တွင်၊ ဈေးဆက်လက်ကျဆင်းလာသည်ကိုတွေ့ရသည်။အသုံးများသည့်ဓာတ်ဆီဈေးနှုန်းရော၊ ဒီဇယ်...

ပြည်တွင်းစက်သုံးဆီဈေးနှုန်းက၊ PPRD ၏ ယနေ့(သောကြာနေ့)ဈေးနှုန်းအပြောင်းအလဲထုတ်ပြန်ချက်တွင်၊ ဈေးဆက်လက်ကျဆင်းလာသည်ကိုတွေ့ရသည်။အသုံးများသည့်ဓာတ်ဆီဈေးနှုန်းရော၊ ဒီဇယ်ဆီဈေးနှုန်းပါ ဆက်လက်ကျဆင်းလာခြင်းဖြစ်ပြီး၊ ဒီဇယ်ဆီဈေးနှုန်းက တစ်လီတာလျှင်နှစ်ထောင်ကျပ်နားအထိကိုရောက်ရှိလာသည်။PPRD ၏ သတ်မှတ်ဈေးနှုန်းအရ ယခင်တစ်ပတ်က ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၅၂၅ ကျပ်၊ 95 တစ်လီတာ လျှင် ၂၆၁၀ ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ၂၃၃၀ ကျပ်၊ဒီဇယ်(ပရီမီယံ)တစ်လီတာလျှင် ၂၈၀၅ ကျပ် ဖြစ်ပြီး၊ ယနေ့ဈေးနှုန်းအပြောင်းအလဲတွင် ဓာတ်ဆီ 92 က ၂၄၉၀ ကျပ်၊ 95 က ၂၅၄၀ ကျပ်၊ ဒီဇယ်(ရိုးရိုး)က ၂၂၄၅ ကျပ်နှင့် ဒီဇယ်(ပရီမီယံ)က ၂၆၈၅ ကျပ်ဖြစ်သွားကြောင်းသိရသည်။အဆိုပါဈေးနှုန်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွက်ဖြစ်ပြီး၊ မြို့အလိုက်ဈေးနှုန်းအနည်းငယ်ကွာဟမှုရှိသည်။


news-view-count-icon

31