မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Ukiဟာ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်း အုပ်စုအဆင့်ကနေ ကျော်လွန်နိုင်ခြင်း မရှိတဲ့အတွက် ဒီဇင်ဘာလ ၁၁ရက်နေ့ညအချိန်က နည်းပြချုပ်ရာထူးကနုတ်ထွက်လိုက်ပြီတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။ အသက် ၅၄ နှစ်အရွယ် ဂျပန်နိုင်ငံသား နည်းပြယုကီဟာ၂၀၂၃ ခုနှစ်မှစတင်ပြီး မြန်မာ့လက်ရွေးစင် အ မျိုးသမီးအသင်း နည်းပြချုပ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။



