ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မန်အိုင်ဖက်မှာ မူးယစ်ဆေး သုံးစွဲသူတွေ ပိုများလာပြီး မူးယစ်ဆေးဝါးအကြောင်းပြပြီး ငွေတောင်းကြမ်းနေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်မှာလည်း ရပ်ကွက် ၅ ရှိ နေအိမ်တစ်ခုကို ဝင်ရောက်စစ်ဆေးပြီးနောက် မူးယစ်ဆေးဝါးအများအပြားတွေ့ရှိခဲ့ရာ မူးယစ်ဆေး ရောင်းဝယ်သူဘက်က တောင်းတဲ့ ငွေပမာဏကို မပေးနိုင်တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်မှာလည်း ရေကန်တောင်ရှိ နေအိမ်တစ်အိမ်မှာ ကားတစ်စီးနဲ့ ရောက်လာပြီး နေအိမ်အတွင်း မူးယစ်ဆေးဝါးရှိမရှိ ဝင်ရောက်စစ်ဆေးရာ ငွေသိန်း၂၀ ကျော် တောင်းခံသွားတဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။



