back

အလုံစာတိုက်မှတ်တိုင်အနီး ကားမီးလောင်၍ အနီးမှရပ်နားသောကားသို့ မီးကူးစက်ခံရဟုဆို

Dec 12 • 1:54 PM

breaking-news

မြန်မာ

ရန်ကုန်

cover

အလုံစာတိုက်မှတ်တိုင်အနီး ကားမီးလောင်၍ အနီးမှရပ်နားသောကားသို့ မီးကူးစက်ခံရဟုဆို

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပါ် အလုံစာတိုက်မှတ်တိုင်အနီး သီရိရိပ်သာရှေ့တွင် ယနေ့(ဒီဇင်ဘာ ၁၂ ရက်) မွန်းလွဲ ၂ နာရီ ၄၇ မိနစ်ဝန်းကျင်က ကားမီ...

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပါ် အလုံစာတိုက်မှတ်တိုင်အနီး သီရိရိပ်သာရှေ့တွင် ယနေ့(ဒီဇင်ဘာ ၁၂ ရက်) မွန်းလွဲ ၂ နာရီ ၄၇ မိနစ်ဝန်းကျင်က ကားမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနီးတွင်ရပ်နားထားသောကားသို့ မီးအနည်းငယ် ကူးစက်ခံရသောအဖြစ်မျိုးဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါဖြစ်စဉ်တွင် မီးလောင်သောကားမှာ ပရိုဘောက်အမျိုးအစား (အဖြူရောင်) တက္ကစီဖြစ်ပြီး သခင်မြပန်းခြံဘက်မှ အလုံမီးပွိုင့်ဘက်သို့လာသည့်အခြမ်း၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ထိုမီးလောင်ရာသို့ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ လတ်တလောတွင် မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းကို သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်ကြောင်းလည်း သိရသည်။



news-view-count-icon

39