back

ချိန်းတွေ့ဆုံတဲ့ အက်ပလီကေးရှင်းမှာ လိမ်လည်လှည့်ဖြားသူက နစ်နာကြေးပေးဆောင်ဖို့ Tokyo က တရားရုံး အမိန့်ပေးခဲ့

Dec 12 • 1:49 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ချိန်းတွေ့ဆုံတဲ့ အက်ပလီကေးရှင်းမှာ လိမ်လည်လှည့်ဖြားသူက နစ်နာကြေးပေးဆောင်ဖို့ Tokyo က တရားရုံး အမိန့်ပေးခဲ့

ချိန်းတွေ့ဆုံတဲ့ အက်ပလီကေးရှင်းကတစ်ဆင့် အမျိုးသမီးတစ်ဦးကို လှည့်စားခဲ့တဲ့ အမျိုးသားတစ်ဦးက နစ်နာကြေးအဖြစ် ဂျပန်ယန်းငွေ ၁.၅ သန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၀...

ချိန်းတွေ့ဆုံတဲ့ အက်ပလီကေးရှင်းကတစ်ဆင့် အမျိုးသမီးတစ်ဦးကို လှည့်စားခဲ့တဲ့ အမျိုးသားတစ်ဦးက နစ်နာကြေးအဖြစ် ဂျပန်ယန်းငွေ ၁.၅ သန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နီးပါး ပေးဆောင်ရမယ်လို့ Tokyo မှာရှိတဲ့ တရားရုံးတစ်ခုက တနင်္လာနေ့မှာ အမိန့်ချလိုက်ပါတယ်။ Tokyo နဲ့ ကပ်လျက်က Kanagawa ခရိုင်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိသူအမျိုးသားဟာ လက်တွေ့မှာ အိမ်ထောင်သည်ဖြစ်ပေမဲ့ လူပျိုဖြစ်တယ်လို့ တရားလိုအမျိုးသမီးကို လိမ်ပြောခဲ့ပါတယ်။ အိမ်ထောင်သည် ဖခင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပြီးနောက် အဲဒီအမျိုးသမီးက တရားစွဲခဲ့ပြီး နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တရားခံအမျိုးသားကြောင့် တရားလိုအမျိုးသမီးမှာ လိင်ပိုင်းဆိုင်ရာရောဂါ ရသွားခဲ့ဖွယ်ရှိတယ်လို့ တရားသူကြီးက မှတ်ချက်ချခဲ့ပါသည်။



news-view-count-icon

3