back

ဂျပန်တွင် ရေခဲသေတ္တာထဲမှာ အပိုင်းပိုင်းဖြတ်ထားတဲ့ကလေးငယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရှိ

Dec 12 • 1:48 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်တွင် ရေခဲသေတ္တာထဲမှာ အပိုင်းပိုင်းဖြတ်ထားတဲ့ကလေးငယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဆူမီဒါရပ်ကွက်ရှိ အရွယ်ရောက်ပြီးသူတွေအတွက် သီးသန့်ဖျော်ဖြေရေးလုပ်ငန်းတစ်ခုရဲ့ရေခဲသေတ္တာထဲမှာ ကလေးငယ်တစ်ဦးရဲ့ဦးခေါင်း၊ လက်မောင်းနဲ့ ခြေ...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဆူမီဒါရပ်ကွက်ရှိ အရွယ်ရောက်ပြီးသူတွေအတွက် သီးသန့်ဖျော်ဖြေရေးလုပ်ငန်းတစ်ခုရဲ့ရေခဲသေတ္တာထဲမှာ ကလေးငယ်တစ်ဦးရဲ့ဦးခေါင်း၊ လက်မောင်းနဲ့ ခြေထောက်အပိုင်းအစတွေကို တွေ့ရှိခဲ့ရတယ် လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ဒီအကြောင်းကို ဒီဇင်ဘာလ ၆ ရက် ဒေသစံတော်ချိန် ည ၉ နာရီ (စင်ကာပူစံတော်ချိန် ည ၈ နာရီ) ခန့်မှာ လုပ်ငန်းမှ ဝန်ထမ်းတစ်ဦးက ရေခဲသေတ္တတာထဲမှာ ကလေးငယ်ဦးခေါင်းနဲ့တူတဲ့အရာတစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆိုကာ တိုကျိုရဲတပ်ဖွဲ့ဆီ ဖုန်းခေါ်ဆို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ သေဆုံးနေတဲ့ကလေးငယ်ဟာ အသက်တစ်နှစ်အောက် အရွယ်ပဲ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

လက်ရှိတော့ ကလေးရဲ့အမည်နဲ့ ဘယ်လိုသေဆုံးခဲ့တယ်၊ ဘာအတွက်နဲ့ အင်္ဂါအစိတ်အပိုင်းတွေကို သိမ်းဆည်းထားတယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါသည်။



news-view-count-icon

5