back

မော်ရိုကိုနိုင်ငံတွင် အဆောက်အအုံနှစ်ခု ပြိုကျကာလူ ၂၂ ဦးသေဆုံး

Dec 12 • 7:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

မော်ရိုကိုနိုင်ငံတွင် အဆောက်အအုံနှစ်ခု ပြိုကျကာလူ ၂၂ ဦးသေဆုံး

မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့တွင်အဆောက်အအုံနှစ်ခု ပြိုကျပြီးနောက်အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောသည...

မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့တွင်အဆောက်အအုံနှစ်ခု ပြိုကျပြီးနောက်အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောသည်။ယင်းနေ့ နံနက်အစောပိုင်းတွင်ပြိုကျခဲ့သော လေးထပ်အဆောက်အအုံနှစ်ခုတွင် မိသားစုရှစ်စု နေထိုင်ကြောင်း ဒေသဆိုင်ရာ အရာရှိများကိုကိုးကား၍ နိုင်ငံပိုင်မီဒီယာများကဖော်ပြထားသည်။

မြို့၏ အနောက်တောင်ဘက် အယ်လ်မာဆီရာ ဆင်ခြေဖုံးတွင် တည်ရှိသော အဆောက်အအုံများသည် နှစ်ပေါင်းများစွာယိုယွင်းပျက်စီးမှု လက္ခဏာများပြသခဲ့ကြောင်း သတင်းဌာနများကဖော်ပြထားသည်။ယင်းကိစ္စနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီဖြစ်သည်။ မော်ရိုကိုနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဖက်ဇ်မြို့သည် မြောက်အာဖရိကနိုင်ငံ၏ ရှေးအကျဆုံးမြို့များထဲမှ တစ်ခုဖြစ်ပြီး ရှစ်ရာစုခေတ်ကတည်းက တည်ဆောက်ခဲ့သော အဆောက်အအုံများရှိသည့်အပြင် တတိယမြောက်လူဦးရေအများဆုံးမြို့လည်း ဖြစ်သည်။အပျက်အစီးများအောက်တွင်ပိတ်မိနေနိုင်သူများကို ရှာဖွေရန်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ

လုပ်ဆောင်နေသည်။ အခင်းဖြစ်ပွားမှု ရုပ်သံမှတ်တမ်းတွင် ဒေသခံများနှင့် ကယ်ဆယ်ရေးသမားများကအပျက်အစီးများ ဖယ်ရှားရှင်းလင်းနေသည်ကို ဖော်ပြထားသည်။



news-view-count-icon

34