ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်း ဖူကူအိုကာစီရင်စုရှိ JR Hakata ဘူတာရုံတွင် ပိုင်ရှင်မဲ့ ပျောက်ဆုံးပစ္စည်းများဖြစ်သည့် ဂစ်တာ၊ နေကာမျက်မှန်၊ လက်ကိုင်ပန်ကာစသည့် ပစ္စည်းအမျိုးမျိုးဖြင့် အလှဆင်ထားသော ခရစ္စမတ်သစ်ပင်တစ်ပင်ကို ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ပြသထားကြောင်း သိရသည်။ Kyushu Railway Co မှ တာဝန်ရှိသူ Tomomi Odagiri သည် ပျောက်ဆုံးပစ္စည်းများစွာ အကောင်းပကတိအတိုင်းရှိနေပြီး mအလဟဿ ဖြစ်နေသည်ဟု တွေးမိရာမှ ဤအကြံကို ရရှိခဲ့ခြင်းဖြစ်သည်။ JR Kyushu ၏အဆိုအရ ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပျောက်ဆုံးပစ္စည်း စုစုပေါင်း ၂၄၀,၀၀၀ ခန့်ရှိခဲ့ပြီး Hakata ဘူတာရုံတစ်ခုတည်းမှ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ ဂျပန်နိုင်ငံ၏ ဥပဒေအရ ပျောက်ဆုံးပစ္စည်းများကို ရဲစခန်းသို့ အကြောင်းကြားပြီးနောက် သုံးလကြာသည်အထိ ပိုင်ရှင်မတွေ့ရှိပါက ထိုပစ္စည်းကို ရှာဖွေတွေ့ရှိသူက တောင်းဆိုပိုင်ခွင့်ရှိသည်။

Dec 12 • 6:28 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


