back

ဆိပ်ကြီးခနောင်တိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့ဦးစေတီ၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကာ သန့်ရှင်းရေးကုသိုလ်ပြု

Dec 12 • 6:29 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဆိပ်ကြီးခနောင်တိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့ဦးစေတီ၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကာ သန့်ရှင်းရေးကုသိုလ်ပြု

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်နေ့ ဒီဇင်ဘ...

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ဆိပ်ကြီးအရှေ့ရပ်ကွက်၊ စလင်းကျောင်းတိုက်အတွင်းရှိ သဗ္ဗသိဒ္ဓိရှင်မြို့ဦးစေတီတော်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြုခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအဖွဲ့ဝင်များသည် စေတီတော်ရင်ပြင်တွင် ဘုရားပန်းများလဲလှယ်ခြင်း၊ မေတ္တာသုတ်ပရိတ်တရားနှင့် ပဋ္ဌာန်းတရားများ ရွတ်ဖတ်ပူဇော်ခြင်းနှင့် စေတီရင်ပြင်တော်တွင် တံမြက်စည်းလှည်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် ဘုရားစေတီများတွင် ကုသိုလ်ပြုခြင်းအပြင် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အခြားလူမှုကူညီရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

26