၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကျရောက်မည့် သမဝါယမစတင်ခြင်း (၁၂၁) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများအား မျက်စိအခမဲ့ စမ်းသပ်ခြင်းကို ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းမှစ၍ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးရုံးခြံဝန်းတွင် အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပန်းဘဲတန်းမြို့နယ်ရှိ မျက်မှန်ကုန်ထုတ်သမဝါယမအသင်းနှင့် ပူးပေါင်း၍ ကျွမ်းကျင်ပညာရှင်များက စမ်းသပ်ပေးခဲ့ရာ သမဝါယမအသင်းသားများနှင့် ပြင်ပပြည်သူများ စုစုပေါင်း ၂၅၀ ဦးခန့် လာရောက်ပြသခဲ့ပြီး လိုအပ်သူများကို မျက်မှန်များ အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Dec 12 • 6:27 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 46 | 0 | 0 | 0 |


