အီသီယိုးပီးယားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသားတယောက်ကို ဒီဇင်ဘာ ၁၁ ရက်က နေရပ်ပြန်ပို့ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားကို အီသီယိုးပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားအကျိုးဝန်ဆောင်မှုဌာနနဲ့ အဒစ်အဘာဘာမြို့ အခြေစိုက် ကုလသမဂ္ဂလက်အောက်က နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) တို့နဲ့ ညှိနိူင်းပြီး နေရပ်ပြန်ပို့ဖို့ စီစဥ်ခဲ့တာလို့ ဆိုပါတယ်။နေရပ်ပြန်ပို့ပေးခဲ့ရတဲ့ မြန်မာနိုင်ငံသားရဲ့ နာမည်နဲ့ အီသီယိုးပီးယားနိုင်ငံကို ရောက်ရှိတဲ့ အကြောင်းအရင်းကိုတော့ အသိပေးထုတ်ပြန်ထားတာ မရှိပါဘူး။အီသီယိုးပီးယားနိုင်ငံဟာ အာဖရိကဦးချိုဒေသက ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်ပြီး အာဖရိကရဲ့ ဒုတိယမြောက် လူဦးရေအများဆုံးနဲ့ ကမ္ဘာမှာ လူဦးရေအများဆုံး ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်။
Dec 12 • 5:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 35 | 0 | 0 | 0 |


