back

ကယားပြည်နယ်၊လွိုင်ကော်မြို့တွင်းမှာ ညပိုင်းအသွားအလာ ကန့်သတ်ထားပြီး လုံခြုံရေးတင်းကြပ်

Dec 12 • 5:33 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊လွိုင်ကော်မြို့တွင်းမှာ ညပိုင်းအသွားအလာ ကန့်သတ်ထားပြီး လုံခြုံရေးတင်းကြပ်

ကယားပြည်နယ်၊လွိုင်ကော်မြို့တွင်းမှာ ရွေးကောက်ပွဲအပိုင်း ( ၁ ) ကျင်းပမယ့်ရက် နီးလာချိန်မှာ လုံခြုံရေးတင်းကြပ်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ယခုရက်ပိုင်းအတ...

ကယားပြည်နယ်၊လွိုင်ကော်မြို့တွင်းမှာ ရွေးကောက်ပွဲအပိုင်း ( ၁ ) ကျင်းပမယ့်ရက် နီးလာချိန်မှာ လုံခြုံရေးတင်းကြပ်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့တွင်းမှာ ကားတွေနဲ့ ကင်းလှည့်စောင့်ကြည့်နေပြီး ည ၁၁ နာရီမှ မနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့် မရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။"ည အချိန်ကျော်သွားရင် လမ်းကို ဟို ဖက်ဒီဖက် ပိတ်ပြီး ဖမ်းနေတယ်။ ရဲ၊ မော်တော်ပီကယ်တွေလည်းပါတယ် မိတာလည်း အများကြီးပဲ" လို့ လွိုင်ကော်မြို့ ၊ နမ့်ဘော်ဝမ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ဒါ့အပြင် လတ်တလောမှာ အင်တာနက်ဖုန်းလိုင်းတွေ မကြာခဏ ပြတ်တောက်နေသလို Mytel ဆက်သွယ်ရေးလိုင်းတခုသာ အနည်းငယ်အဆင်ပြေပေမယ့် VPN ချိတ်ဆက်ရ ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

news-view-count-icon

39