back

ဂျပန်အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်

Dec 12 • 5:16 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဒီဇင်ဘာ ၁၂ ရက် (သောကြာနေ့)၊ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၄ မိနစ်ခန့်က ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၊ အာမိုရီစီရင်စု (Aomori prefecture) ကမ်းလွန်၊ အနက် ၂၀ ကီ...

ဒီဇင်ဘာ ၁၂ ရက် (သောကြာနေ့)၊ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၄ မိနစ်ခန့်က ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၊ အာမိုရီစီရင်စု (Aomori prefecture) ကမ်းလွန်၊ အနက် ၂၀ ကီလိုမီတာနေရာတွင် ပြင်းအား ၆.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ၁ မီတာအမြင့်ရှိ ဆူနာမီလှိုင်းများ တက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ယင်းငလျင်သည် ဒီဇင်ဘာ ၈ ရက် ညပိုင်းက ၎င်းဒေသ၌ပင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်ကြီးအပြီးတွင် ထပ်မံလှုပ်ခတ်ခြင်းဖြစ်ပြီး၊ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကလည်း ငလျင်ပြင်းအား ၆.၇ ရှိကြောင်း အတည်ပြုခဲ့သည်။ လက်ရှိ လှုပ်ခတ်မှုမှာ ဂျပန်၏ ၁ မှ ၇ ငလျင်ပြင်းအားတိုင်းတာမှု စကေးတွင် အဆင့် ၄ ရှိပြီး၊ အနီးအနားရှိ နျူကလီးယားစက်ရုံများတွင် ထူးခြားဖြစ်စဉ်များ မတွေ့ရကြောင်း နျူကလီးယား စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

news-view-count-icon

19