back

ပြည်တွင်းရှိG.B.S ကုမ္ပဏီ YSX စာရင်းဝင် အကြိုဈေးကွက်မှာ ဒီဇင်ဘာ ၁၇ ရက် အရောင်းအဝယ်စတင်ပြုလုပ်မယ်

Dec 12 • 5:04 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိG.B.S ကုမ္ပဏီ YSX စာရင်းဝင် အကြိုဈေးကွက်မှာ ဒီဇင်ဘာ ၁၇ ရက် အရောင်းအဝယ်စတင်ပြုလုပ်မယ်

ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဟာ ရန်ကုန်စတော့အိပ်ချိန်း YSX စာရင်းဝင် အကြိုဈေးကွက်မှာ ဒီဇင်ဘာ ၁၇ ရက် အရောင်းအဝယ်စတင်...

ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဟာ ရန်ကုန်စတော့အိပ်ချိန်း YSX စာရင်းဝင် အကြိုဈေးကွက်မှာ ဒီဇင်ဘာ ၁၇ ရက် အရောင်းအဝယ်စတင်ပြုလုပ်သွားမယ်လို့သိရပါတယ်။ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရဲ့ စာရင်းဝင် အကြိုဈေးကွက် ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက် မှာ မှတ်ပုံတင်ပြီး ၊ အဲနေ့မှာကုမ္ပဏီရဲ့အစုရှယ်ယာအရောင်းအဝယ် တွေ စတင်ပြုလုပ်မှာဖြစ်တယ်လို့ " MESC က ပြောပါတယ်။

ဂျီဘီအက်(စ်) ဟာ တောင်သူဦးကြီးတွေ အကျိုးစီးပွား ကို အကျိုးတူ ပူးပေါင်းဆောင်ရွက် အကောင်အထည် ဖော်ဖို့ ရည်ရွယ်ပြီးမတည် တည်ထောင်ခဲ့တဲ့ အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းဟာ G.B.S Agricultural Services Public Co.,Ltd က နေ တင်ပြလာတဲ့ လျှောက်လွှာ တွေ ကိုစိစစ်ခဲ့ပြီးနောက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃)၊ အပိုဒ်(၆)နဲြအညီ ကော်မရှင်အတည်ပြုချက်အရ စာရင်းဝင် အကြိုဈေးကွက် (Pre-Listing Board-PLB)တွင် မှတ်ပုံတင်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်လို့ " YSX က ပြောပါတယ်။ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဟာ ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာ ၆ ရက် မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၊အစုရှယ်ယာရှင် (၃၀၀) ဦး ၊အစုရှယ်ယာ အရေအတွက် (၉၄,၈၈၈) ခု နဲ့ထည့်ဝင်ထားတဲ့မတည်ရင်းနှီးငွေ စုစုပေါင်း (၉၄၈,၈၈၀,၀၀၀)ကျပ်နဲ့ စတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန် မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အစုရှယ်ယာရှင် (၂၃၂) ဦး၊ အစုရှယ်ယာ အရေအတွက် (၃,၅၂၇,၆၁၂) စု နဲ့ စုစုပေါင်း မတည်ရင်းနှီးငွေ (၃၅,၂၇၆,၁၂၀,၀၀၀) ကျပ် အထိ တိုးမြှင့်ထည့်ဝင် ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရှိရပါတယ်။

news-view-count-icon

45