ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် Online Trading Market ၌ တစ်ဒေါ်လာလျှင် ၃၆၄၈ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ၅၅၆.၆၀ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် ၁၂၄.၅၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထို့ပြင် ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၈၃၆,၉၄၇.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၅၈၇,၇၄၇.၅၇ အား စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း ရောင်းချပေးခဲ့သည်။
Dec 12 • 5:02 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


