အိန္ဒိယနိုင်ငံ၏ ရိုးရာမီးထွန်းပွဲတော်ဖြစ်သော ဒီပါဝါလီကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) က ဒြပ်မဲ့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။ နယူးဒေလီမြို့တော်၌ ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သော ယူနက်စကိုအစည်းအဝေးများတွင် ကျွမ်းကျင်သူများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းသတ်မှတ်မှုကို အိန္ဒိယအစိုးရက ကြိုဆိုခဲ့ကာ ဒေလီမြို့တော်အစိုးရကလည်း ပွဲလမ်းသဘင်များဖြင့် ဂုဏ်ပြုရန် စီစဉ်ထားသည်။ ဒီပါဝါလီပွဲတော်သည် ရာဝဏဘုရင်ကို အောင်နိုင်ခဲ့ပြီးနောက် အယုဒ္ဓယမြို့တော်သို့ ရာမမင်း ပြန်လည်ရောက်ရှိလာမှု အထိမ်းအမှတ်အဖြစ် နှစ်စဉ် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလနှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ အိန္ဒိယနွယ်ဖွားများက ကျင်းပလေ့ရှိသည်။
Dec 12 • 4:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


